Local News

ကုလားပဲမျိုးစုံ အရာင်းအဝယ်သွက်နေ

Last Updated:

ဇွန်လပထမပတ်တွင်မန္တလေးဈေးကွက်၌ ပြည်ပပို့ကုန်ပဲများ အရောင်းအဝယ်အေးနေသော်လည်း ပြည်တွင်းသုံးပဲမျိုးစုံမှာ ဈေးနှုန်းမြင့်တက်ပြီး အရောင်းအဝယ်သွက်နေကြောင်း မန္တလေးကုန်စည်ဒိုင်မှသိရသည်။

ပြည်တွင်းသုံးပဲများထဲမှာ ကုလားပဲမျိုးစုံမှာလည်း အရောင်းအဝယ်သွက်နေကြောင်း သိရ သည်။

ကုလားပဲ(V2) ၅၇.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၆၅၀၀၀ မှ ၂၆၇၀၀၀၊ ယခင်တစ်ပတ်ကျပ် ၂၇၀၀၀၀၊ ယခင်လကျပ် ၂၄၃၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၃၀၀၀မှ ၅၀၀၀ ခန့်နိမ့်ကျလာပြီး၊ ယခင်လထက်ကျပ် ၂၂၀၀၀ မှ ၂၄၀၀၀ ခန့်မြင့်တက် လာသည်။

ကုလားပဲ(V7) ၅၇.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၆၈၀၀၀ မှ ၂၇၀၀၀၀၊ ယခင်တစ်ပတ်ကျပ်  ၂၇၀၀၀၀၊ ယခင်လကျပ် ၂၅၅၀၀၀မှ ၂၆၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၂၀၀၀၊ ယခင်လထက်ကျပ် ၁၀၀၀၀ မှ ၁၃၀၀၀ ခန့် ဈေးမြင့်တက် လာသည်။

ကုလားပဲ(ထိုင်ဝမ်) ၅၇.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် /ယခင်တစ်ပတ် ကျပ် ၂၅၀၀၀၀၊ ယခင်လကျပ် ၂၂၇၀၀၀မှ ၂၂၈၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက်အတိုင်းဈေးငြိမ် နေပြီး၊ ယခင်လထက်ကျပ် ၂၂၀၀၀ မှ ၂၃၀၀၀ ခန့် ဈေးမြင့်တက်လာသည်။

ကုလားပဲ(929) ၅၇.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၅၉၀၀၀ မှ ၂၆၀၀၀၀၊ ယခင်တစ်ပတ်ကျပ် ၂၆၀၀၀၀မှ ၂၆၁၀၀၀၊ ယခင်လကျပ် ၂၃၅၀၀၀မှ ၂၃၆၀၀၀ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၀၀၀၊ ယခင်လထက်ကျပ် ၂၄၀၀၀ မှ ခန့် ဈေးမြင့်တက်လာသည်။

Category: Local News